ဆုတောင်းပေး/ရန် မေတ္တာရပ်ခံခြင်း
3
ညီအစ်ကို/မောင်နှမတို့… နိဂုံးချုပ်/အနေဖြင့် ကျွန်ုပ်/မှာကြားလို၏။ သခင်ဘုရား/၏ နှုတ်ကပတ်/တရားတော်/သည် အရပ်ရပ်/သို့ လျင်မြန်/စွာ ပြန့်ပွား/၍ သင်တို့/သည် ထို/နှုတ်ကပတ်/တရားတော်/ကို ရိုသေ/လက်ခံ/သကဲ့သို့ အခြားသူတို့/လည်း ရိုသေ/လက်ခံ/ရန် ဆုတောင်းပေးကြလော့။ 2 လူတိုင်း/သည် ခရစ်တော်/ကို ယုံကြည်သည် မဟုတ်/သောကြောင့် ဘုရားသခင်/သည် ကျွန်ုပ်တို့/ကို ယုတ်မာ/ဆိုးညစ်သူတို့/လက်/က ကယ်တင်ပေး/တော်မူ/ရန် ဆုတောင်းပေးကြလော့။ 3 သို့ရာတွင် သခင်ဘုရား/သည် သစ္စာရှိသော/အရှင် ဖြစ်တော်မူသည်/နှင့်အညီ သင်တို့/ကို ကြံ့ခိုင်စေ/၍ မာရ်နတ်/ထံက ကာကွယ်ပေးတော်မူ/လိမ့်မည်။ 4 သင်တို့/သည် ကျွန်ုပ်တို့/၏ ညွှန်ကြားချက်များ/ကို ယခု လုပ်ဆောင်/နေ/သကဲ့သို့ ဆက်/၍/လည်း လုပ်ဆောင်မည်/ဟု သခင်ဘုရား/က ကျွန်ုပ်တို့/ကို ယုံကြည်စိတ်ချ/စေတော်မူ၏။ 5 ဘုရားသခင်/၏ ချစ်ခြင်းမေတ္တာ/ကို သင်တို့/နားလည်သဘောပေါက်/စေရန်/နှင့် ခရစ်တော်/ကဲ့သို့ သည်းခံတတ်/စေရန် သခင်ဘုရား/သည် သင်တို့a/ကို လမ်းညွှန်တော်မူပါစေသော။ပျင်းရိသူ မဖြစ်/ရန် သတိပေးခြင်း
6 ညီအစ်ကို/မောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်း/အတိုင်း မလိုက်နာဘဲ ပျင်းရိ/လေလွင့်နေသော ယုံကြည်သူတို့/နှင့် မပေါင်းဖော်/ရန် ယေရှု/ခရစ်တော်/၏ အခွင့်အာဏာ/ဖြင့် ကျွန်ုပ်တို့/သည် သင်တို့/ကို ညွှန်ကြားလိုက်ပါ၏။ 7 ကျွန်ုပ်တို့/၏ စံနမူနာ/ကို သင်တို့/မည်သို့ ယူ/သင့်သည်/ကို သိကြ၏။ ကျွန်ုပ်တို့/သည် သင်တို့/နှင့် အတူ/နေထိုင်/စဉ်က ပျင်းရိ/လေလွင့်/၍ မနေခဲ့ကြ။ 8 ကျွန်ုပ်တို့/သည် အဖိုးအခ/မပေးဘဲ မည်သူ/တစ်ဦးတစ်ယောက်/၏ အစားအစာ/ကိုမျှ မစားခဲ့ကြ။ သင်တို့/တစ်ဦးတစ်ယောက်/ကို/မျှ ကျွန်ုပ်တို့/ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်/စေရန် နေ့ရောညပါ ကြိုးစား/၍ အလုပ်/လုပ်ခဲ့ကြ၏။ 9 ထိုသို့ လုပ်ရခြင်း/သည် ကျွန်ုပ်တို့/တွင် သင်တို့/ထံက အကူအညီ/ကို ရပိုင်ခွင့်/မရှိ/သောကြောင့် မဟုတ်။ ကျွန်ုပ်တို့/ထံက သင်တို့/ယူစရာ စံနမူနာ ရှိစေလို/သောကြောင့် ဖြစ်၏။ 10 သင်တို့/နှင့် အတူ/ရှိစဉ်/က “အလုပ်/မလုပ်/လိုသောသူ/ကို အစားအစာ/လည်း မစားစေနှင့်” ဟု ကျွန်ုပ်တို့ ညွှန်ကြားခဲ့၏။
11 သို့သော်လည်း သင်တို့/ထဲတွင် တချို့/သည် ပျင်းရိ/လေလွင့်/နေ/၍ အလုပ်/မလုပ်ဘဲ သူတစ်ပါး ကိစ္စများ/တွင် ဝင်ရောက်/စွက်ဖက်နေကြောင်း ကျွန်ုပ်တို့ ကြားရ၏။ 12 ကျွန်ုပ်တို့/သည် ထိုကဲ့သို့သော/လူများ/ကို မိမိ/ဝမ်းစာ/အတွက် မိမိ/ကိုယ်တိုင် အေးချမ်း/စွာ ကြိုးစား/ရှာဖွေ/ရန် သခင်/ယေရှု/ခရစ်တော်/၏ အခွင့်အာဏာ/ဖြင့် ညွှန်ကြား/ကာ တိုက်တွန်း/နှိုးဆော်ကြ၏။ 13 ညီအစ်ကို/မောင်နှမတို့… ကောင်းမှုပြု/ရန် စိတ်မပျက် အားမလျှော့ကြနှင့်။
14 တစ်စုံတစ်ယောက်/သည် ဤ/စာ/တွင် ပါသော ညွှန်ကြားချက်များ/ကို နားမထောင်/လျှင် ထို/သူ/ကို အရှက်ရ/စေရန် မှတ်သားထား/၍ ထို/သူ/နှင့် မပေါင်းဖော်ကြနှင့်။ 15 သို့သော်လည်း ထို/သူ/ကို ရန်သူ/အဖြစ် သဘောမထားဘဲ ယုံကြည်သူ/ချင်း ကဲ့သို့ သတိပေးကြလော့။
နိဂုံးချုပ်/စကား
16 ငြိမ်းချမ်းခြင်း/အရှင် သခင်ဘုရား ကိုယ်တော်တိုင်/သည် သင်တို့/ကို နည်းအမျိုးမျိုး/ဖြင့် ငြိမ်းချမ်းခြင်း/ကို အစဉ်/ပေးတော်မူပါစေသော။ သခင်ဘုရား/သည် သင်တို့/အားလုံး/နှင့်အတူ ရှိပါစေသော။
17 ကျွန်ုပ်/ပေါလု/ကိုယ်တိုင် ဤ/နှုတ်ဆက်စကား/ကို မိမိ/လက်/နှင့် ရေးလိုက်ပါ၏။ ၎င်း/သည် ကျွန်ုပ်/၏ စာ/တိုင်း/တွင် ပါသည့် အမှတ်အသား/ဖြစ်၏။ ဤသို့ ကျွန်ုပ် ရေးလေ့/ရှိ၏။ 18 ကျွန်ုပ်တို့ သခင်/ယေရှု/ခရစ်တော်/၏ ကျေးဇူးတော်/သည် သင်တို့/အားလုံး/နှင့်/အတူ ရှိပါစေသော။
သက်သာလောနိတ်/ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။